Computer Alarm Clock လေးသုံးကြရအောင်
အခုပြောပြမယ့် အကြောင်းအရာလေးကတော့ Alarm Clock နဲ့ ပတ်သက်တဲ့
အကြောင်းအရာလေးပါပဲ။ Alarm Clock များဗျာ....ဘာထူးဆန်းလို့လဲဆိုပြီးတော့ မဖတ်ဘဲနဲ့ မနေလိုက်ပါနဲ့။
အခုဟာက ကွန်ပျူတာရဲ့ Alarm Clock အကြောင်းလေးပါ။ Digital Alarm Clock ပေါ့ဗျာ။ ဒီလို Computer
Alarm Clock ကို ကွန်ပျူတာနဲ့ အရမ်းအလုပ်များတဲ့သူတွေအတွက် အသုံးပြုသင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဥပမာဗျာ...မိမိမှာက ၃ နာရီမှာ အစည်းအဝေးသွားစရာရှိတယ်။ မိမိက
ကွန်ပျူတာကိုသုံးပြီး အလုပ်တွေလုပ်နေရင်း အလုပ်ထဲစိတ်ပါပြီး မေ့သွားတတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ
အခုလို Alarm Clock လေးနဲ့ Alarm ပေးထားခြင်းအားဖြင့် ကွန်ပျူတာကနေ အစည်းအဝေးသွားစရာရှိတာကို
မမေ့အောင် Alarm ပေးနိုင်တာပေါ့။ မကောင်းဘူးလား...ဘယ်သူ့ကိုမှလည်း သတိပေးခိုင်းစရာ
မလိုတော့ဘူးလေ။ ကွန်ပျူတာကိုပဲ သတိပေးခိုင်းထားလိုက်ပေါ့။ ကွန်ပျူတာက လူထက်တောင်
တိကျပါသေးတယ်။ နောက်ပြီးတော့ မိမိက စိတ်ဝင်စားစရာ သီချင်းနားထောင်နေတယ် (သို့မဟုတ်)
ကိုယ့်အကြိုက်ဆုံး ဗီဒီယိုကားကြည့်တွေ ကြည့်နေတဲ့အချိန်တွေမှာ လုပ်စရာရှိတာတွေ၊ သွားစရာရှိတာတွေကို
မေ့နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာလည်း Alarm Clock က အသုံးဝင်ပါတယ်။
လိုချင်တဲ့သူတွေ Downloadနိုင်ပါတယ်
Download Here

0 comments:
Post a Comment